Thursday 2 February 2012

မြန်မာပြည်အကြွေးပေါင်း ၁၁၀၂၃ သန်းရှိ

အကြွေးသူဋ္ဌေး မြန်မာပြည်



မြန်မာနိုင်ငံကနေ ပြည်ပ နိုင်ငံတွေကို ပေးဖို့ အကြွေး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ သန်း ရှိနေတယ်လို့ လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက တင်ပြ သွားလို့ မြန်မာ ပြည်သူတွေ မျက်လုံးပြူး နေကြပါတယ်။ ဒီကြာထဲ ရောင်းစားထား ဘုံးထားတာတွေ ဘယ်ရောက် ကုန်ပြီလဲ ဆိုပြီး မေးသံတွေလည်း ညံလာပါတယ်။

ဥပမာအားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့ကို ဒေါ်လာနဲ့ ရောင်းစားတာမှာ ဝန်ကြီးဌာနတွေက အစိုးရကို ပြန်သွင်းတော့ ၁ ဒေါ်လာ ၆ ကျပ် နှုန်းပဲ ပြပြီး ကျန်တာ ဝေစားမျှစား လုပ်ကြတဲ့ သာဓကတွေလည်း ရှိထားပါတယ်။

ဘယ်လို ရှင်းကြမလဲ ... ငွေရောင် ပိတ်ကားပေါ်မှာ ဆက်ကြည့်ကြပါရန် ...

၁၉၈၈ခုနှစ်မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများ အမေရိကန်ဒေါ်လာသန်းပေါင်း
အေဒီဘီချေးငွေ ၃၅၆.၉၃၅
အိုင်ဒီအေချေးငွေ ၈၀၀.၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃.၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄.၇၂၈
ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈.၃၂၀
ကနေဒါနိုင်ငံမှချေးငွေ ၈.၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ ၄.၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ ၈၄.၀၀၆
အီတလီနိုင်ငံမှချေးငွေ ၆.၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ ၉.၇၅၆
နော်ဝေနိုင်ငံမှချေးငွေ ၃၇.၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ ၃၇.၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆.၅၅၂
ပေါင်း ၈၄၀၈.၃၄၈



၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ရှိသည့် ပြည်ပချေးငွေများ
နိုင်ငံနှင့်အဖွဲ့အစည်းများ အမေရိကန်ဒေါ်လာသန်းပေါင်း
အိုပက်ချေးငွေ ၂၂.၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀.၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀.၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈.၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃.၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀.၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ .၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ .၇၄၄
စုစုပေါင်း ၂၆၁၄ .၉၅၀

0 comments:

Post a Comment