Sunday 22 January 2012

ပအိုဝ်းဂီတစာဆို ခွန်သာဒွန်း၏ အတ္ထုပတ္တိအကျဉ်းချုပ်

ပအိုဝ်းခေတ်ပေါ် တေးသီချင်းများကို ပထမဆုံး သီဆိုမွေးထုတ်ခဲ့သူ ခွန်သာဒွန်းသည် ကောဇာသက္ကရာဇ် ၁၃၀၆ ခု သီတင်းကျွတ်လာဆန်း (၈)ရက်နေ့တွင် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာနေ ဗိုလ်ဟိန်မောင် (ပအမဖ ဥက္ကဋ္ဌ)နှင့် နန်းလွဉ်း တို့၏ ဖွားမြင်သည့် သားသမီး (၇)ဦးအနက် ဒုတိယ အကြီးဆုံးသော သားဖြစ်သည်။ခွန်သာဒွန်းသည် အသက် (၇)နှစ်အရွယ်တွင် ကလောမြို့ ဂျိန်းစ်ဝတ်...
>>read more>>

ဖြားဗွာလှဖေ၏ အထ္တုပ္ပတ္တိအကျဉ်းချုပ်

ဖြားဗွာလှဖေသည် ၁၉၁၀ ခုနှစ် မတ်လ (၂၆)ရက်နေ့တွင် သထုံခရိုင် ဘီးလင်းမြို့နယ် ညောင်ပင်လင်တိုက်နယ် သံပုရာပင်ရွာနေ အမိ မွိုးနန်းဆီး အဖ ဖြားဒွန်းတို့မှ ဖွားမြင်သည့် တတိယမြောက်သားဖြစ်သည်။ မွေးချင်းမောင်နှာမများမှာ အစ်မ နန်းစိန်ခင်နှင့် အစ်ကို ဖြားလွန်းမောင်တို့ဖြစ်သည်။ ဖြားဗွာသည် အိမ်ထောင်ဆက်သုံးဆက်ရှိပြီး နောက်ဆုံးအိမ်ထောင်ဆက်မှာ ဟိုပုံးမြို့နယ်...
>>read more>>

Aug 24, 2011

ဗိုလ်ချန်ဇုံ (ခ) ပိုလ်းတွုံ၏ အတ္ထုပတ္တိအကျဉ်းချုပ်

ဗိုလ်ချန်ဇုံ (ခ) ပိုလ်းတွုံသည် ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် စောစီရွာနေ ပအိုဝ်းမျိုးနွယ် ခရစ်ယာန်ဘာသာဝင် ဖြစ်သော မတ္တာမန်းဘတ်တောရိုင်းနှင့် နန်းစုတို့မှ ဖွားမြင်သည်။ မောင်နှာမများမှာ မွိုးလှစီ၊ ဖြားကာယု၊ ဗိုလ်မှူးဂျိုးဇက်နှင့် မွိုးလှမြင့်တို့ဖြစ်သည်။ ဗိုလ်ချန်ဇုံသည် အင်္ဂလိပ်ခေတ်တွင် တောင်ကြီးမြို့ရှိ...
>>read more>>

ဗိုလ်စံသိန်း အတ္ထုပတ္တိအကျဉ်းချုပ်

ဗိုလ်စံသိန်းသည် ကောဇာ သက္ကရာဇ် ၁၂၈၉ ခု တပေါင်းလဆန်း (၉)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဖက်ရဲရွာတွင် ဖွားမြင်ခဲ့ပြီး သတ္တမတန်း ကျောင်းပညာကို အောင်မြင်ခဲ့သည်။ မွေးချင်းမောင်နှာမများမှာ ဆရာမနန်းထွေး၊ ဦးဖိုးလွန်၊ ဦးစံဖဲနှင့် နန်းခင်ဝေသီ တို့ဖြစ်သည်။ ဗိုလ်စံသိန်းသည် အိမ်ထောင်ဇနီး ဒေးနန်းခွန်နှင့်အတူ သားသမီး (၆)ဦးထွန်းကားခဲ့သည်။...
>>read more>>

PNO ပထမ ဥက္ကဋ္ဌ ဖြားကျော်စိန် (ခ) ဦးကျော်စိန်၏ အတ္ထုပတ္တိအကျဉ်းချုပ်

ဦးကျော်စိန်သည် ၁၉၂၃ တွင် မွန်ပြည်နယ်မှ သထုံမြို့နယ်ရှိ မော်ကျောရွာနေ ဖြားသာဇံနှင့် မွိုးကျောင် ထွန်းမေတို့မှ ဖွားမြင်သည်။ အင်္ဂလိပ်ခေတ်တွင် (၁၀)တန်းအထိ ပညာဆည်းပူးခဲ့သည်။ ဦးကျော်စိန်သည် ၁၃၀၀ ပြည့် တောင်သူလယ်သမားအရေးတော်ပုံတွင် လည်းကောင်း၊ ၁၉၄၂ တွင် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွင် လည်းကောင်း၊ ၁၉၄၅ ခု အောက်တိုဘာလတွင် ကရင်လူငယ်အစည်းအရုံး...
>>read more>>

ပအမဖ ဥက္ကဋ္ဌဟောင်း ဗိုလ်ဟိန်မောင် အတ္ထုပတ္တိအကျဉ်းချုပ်

ဗိုလ်ဟိန်မောင်သည် ခရစ်သက္ကရာဇ် ၁၉၁၈ တွင် ရှမ်းပြည်နယ်မှ တောင်ကြီးမြို့နယ် ဖာမွန်းရွာနေ ဆြားပေးနှင့် မွိုးကျောင်လုံ တို့မှ ဖွားမြင်သော သားဖြစ်သည်။ မွေးချင်းမောင်နှာမများမှာ ဖြားဝရမြန်း၊ မွိုးနန်းဗိုခမ်း၊ မွိုးနန်းထဉ်း၊ မွိုးနန်းအုံး၊ ဖြားထွက်ခွန် တို့ဖြစ်သည်။ ၎င်းသည် အိမ်ထောင်သည် ဇနီး မွိုးကျောင်လွန်းနှင့်အတူ သားသမီး (၆)ဦး ထွန်းကားခဲ့ကာ...
>>read more>>

သာမညတောင်ဆရာတော် ဦးဝိနာယ၏ ထေရုပ္ပတ္တိအကျဉ်း (၁)

သာမညတောင်ဆရာတော် ဦးဝိနာယသည် မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ် ပထမ၀ါဆိုလဆန်း ၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ တောင်ဖက် (၄) မိုင်အကွာရှိ ကော့ကျိုက်ပအိုဝ်းရွာကြီးနေ ပအိုဝ်းနွယ်ဖွား တောင်သူလယ်သမားမျိုးရိုးဖြစ်သော ဦးထောင်အိုး၊ ဒေါ်မအုံး တို့မှ ဖွားမြင်ပါသည်။ မွေးချင်းမောင်နှာမ (၄) ဦးအနက် အကိုကြီး ခွန်ထွန်းကျော်၊ အကိုလတ် ခွန်အောင်ငြိမ်း၊...
>>read more>>

သာမညတောင်ဆရာတော် ဦးဝိနာယ၏ ထေရုပ္ပတ္တိအကျဉ်း (၂)

သာမညတောင်၏ နောက်ခံအကြောင်း။ ပေပေါင်း (၆၅၃) မြင့်သော “သာမညတောင်” ၏ မူလအမည်မှာ “ဒေးမဲ့စောတောင်” ဟု မွန်ဘာသာစကားဖြစ်ပြီး ၎င်းကို “စပါးပုံတောင်”ဟု မြန်မာလို အဓိပ္ပာယ်ရသည်။ သုဝဏ္ဏဘုမ္မိသထုံပြည်ကြီး ပျက်ပြား၍ မနုဟာမင်း၏ မိဖုရားတစ်ပါးဖြစ်သော မုတ္တမစား မိဖုရားသည် စစ်ဘေးစစ်ဒဏ်ကို တိမ်းရှောင်ရင်း သထုံနှင့် မနီးမဝေး ကော့ကွန်းဂှုသို့ ခိုအောင်းရာမှ ဒေးမဲစောတောင်သို့ ရောက်ရှိလာသည်။ ထိုတောင်ပေါ်တွင် စေတီ(၂)ဆူ တည်ထားကိုးကွယ်ခဲ့သည်။ နောင်နှစ်ပေါင်းများစွာ...
>>read more>>

သာမညတောင်ဆရာတော် ဦးဝိနာယ၏ ထေရုပ္ပတ္တိအကျဉ်း (၃)

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ် မီးတောက်လောင်နေသည်မှာ ကနေ့ထိပင်ဖြစ်သည်။ ခေတ်အဆက်ဆက်ဖြစ်သော ဖဆပလ၊ မဆလ၊ န၀တ၊ နအဖ စသည့်ခေတ်များကို အုပ်စိုးသူ အစိုးရအဆင့်ဆင့် လက်ထက်တွင် ကရင်ပြည်သူများသည် မိမိတို့၏ တောင်ယာစပါးစိုက်ခင်းများကို ဖျက်စီးမှုခံရခြင်း၊ အရွယ်ရောက် လင်ယောင်္ကျားများကို ဖမ်းဆီးပေါ်တာထမ်းခိုင်းခြင်း၊...

0 comments:

Post a Comment