Tuesday 24 January 2012

myanmar news

အင်းစိန်တိုက်ပွဲ

အင်းစိန်မြို့သည် (KNDO) တို့၏ဗဟိုဌာနချုပ်ဖြစ်သည်။ အင်းစိန်မြို့သည်(KNDO) တို့၏ဗဟိုဌာန
ချုပ်ဖြစ်ရုံမျှမက (KNU) ဗဟိုခေါင်းဆောင်များနေထိုင်သည့် မြို့လည်းဖြစ်သည်။ စောဘဦးကြီး၊ 
စောစန်းကေ၊ စောဟန်တာသာမွှေး၊ မန်းဘစံ၊ စကောမောလေး၊ စောဘဲလေး၊ ဦးဇန်နှင့် ထို
အချိန်တွင် မန်းဂျိမ်းထွန်းအောင်လည်း အင်းစိန်မြို့၌ပင်နေထိုင်လျက်ရှိကြသည်။ ယင်းကြောင့်
ရန်သူများက အင်းစိန်နှင့်တကွ ကရင်ခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများအား (၃)ရက်အတွင်းခြေမှုန်းပြစ်နိုင်ရန်အတွက် တိုက်ခိုက်ခြင်းဖြစ်သည်။

ရန်သူများသည် ရန်ကုန်စမ်းချောင်းရှိ (KNU)ဗဟိုကို စီးနင်းတိုက်ခိုက်ပြီးနောက်တွင် အင်းစိန်မြို့
အား ကြည်းတပ်၊ ရေတပ်ဖြင့် ဝိုင်းထားပြီး တိုက်ခိုက်လေတော့သည်။ ကရင်များကလည်း
ရှိသမျှ လက်နက်ပစ္စည်းဖြင့် ခုခံတိုက်ခိုက်ကြရာ တရက်တည်းသော အချိန်ကာလတိုအတွင်း
လာရောက်တိုက်ခိုက်သည့် ရန်သူများအားလုံးကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သည်။


နောက်တနေ့တွင် ကရင့်လက်နက်ကိုင်တပ်များသည် အင်းစိန်တမြို့လုံးကို သိမ်းပိုက်လိုက်ပြီး
နောက် ဆက်လက်ချီတက် တိုက်ခိုက်ရာ သမိုင်း ကရင်ရပ်ကွက် သမိုင်းလမ်းခွဲ၊ အင်းစိန်ထောင်၊
အင်းစိန်ဘူတာရုံ၊ အင်းစိန်ဈေးကြီး၊ လှိုင်မြစ်ကမ်းဘေးရှိ ဆန်စက်များအားလုံးကိုသိမ်းပိုက်ထား
လိုက်တော့သည်။ ဖေဖေါ်ဝါရီလ(၂)ရက်နေ့တွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့သည် မင်္ဂလာဒုံ
လေယာဉ်ကွင်းကို ဝင်ရောက်တိုက်ခိုက်ရာ လေယာဉ်ကွင်းတခုလုံးနှင့်အနီးအနား ပတ်ဝန်းကျင်ရှိ စစ်စခန်းအားလုံးကိုလည်းသိမ်းပိုက်လိုက်ပြန်သည်။

မင်္ဂလာဒုံတွင်ရှိကြသည့် ရန်သူတပ်များဖြစ်သော အမြှောက်တပ်၊ အချက်ပြ ဆက်သွယ်ရေးတပ်၊
လက်နက်ပြင်ဌာန စသည်တို့တွင်ရှိကြသည့် ကရင်စစ်သားအားလုံး အင်းစိန်သို့လာကြပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်းနှင့်ပူးပေါင်းကာ ရန်သူကို ပြန်လည်တိုက်ခိုက်ကြလေသည်။
ဤတိုက်ပွဲမှားတွင် ကရင်များသည် ရန်သူ့ထံမှ လက်နက်ခဲယမ်းအမြောက်အများ ရရှိကြသည်။
လေယဉ်ကွင်းတွင်ရှိသည့် လေယဉ်များကိုလည်း ကရင်များက ဖျက်ဆီးခြင်းမပြုပေ။
ထိုအချိန်တွင် ရန်သူ့တပ်အတွင်းရှိချင်းတပ်များကလည်းကရင်တို့အား မည်သည့်အနှောင့်အယှက်အဟန့်အတားကိုမျှပြုလုပ်ခြင်းမရှိချေ။

သူတို့ကပင် ကရင်နောက်လိုက်ရမည်လားဟု မေးမြန်းသေးသည်။
သို့ရာတွင် ကရင်များက မလိုက်ရန်နှင့်ကိုယ်ဟာကိုနေသွားကြရန်ပြောဆိုပြီးလွှတ်လိုက်သည်။
ဤချင်းတပ်သည် နောက်ပိုင်းတွင် ရန်သူဖဆပလ အစိုးရကအသုံးပြုနိုင်ခဲ့ပြီး ကရင်များအား
ပြန်လည်တိုက်ခိုက်ရာတွင် ဤချင်းတပ်သည် အများအပြား ကျဆုံးဒဏ်ရာရခဲ့ကြသည်။
မီးမရှို့ဘဲထားခဲ့ကြသည့် လေယဉ်များလည်း ရန်သူများပြန်လည်ရရှိပြီး အသုံးပြုနိုင်ခဲ့သဖြင့် 
ကရင်လက်နက်ကိုင်တပ်ဖွဲ့အတွက် မနည်းလှသောထိခိုက်နစ်နာဆုံးရှုံးမှူကို ဖြစ်ပေါ်စေခဲ့သည်။

ကရင်များက အင်းစိန်ကို သိမ်းထားနိုင်သဖြင့်ဖဆပလ အစိုးရအဖို့ရန်ကုန်မြို့အတွက်စိုးရိမ်ဖွယ
်ရာအန္တရာယ်ဖြစ်နေပေသည်။ ထို့ကြောင့် ရန်သူနယ်မြေများတွင်ရောက်ရှိနေကြသည့် တပ်မှူးကြီး
တော်တော်များများအား ရန်ကုန်သို့ပြန်ခေါ်ပြီး တိုက်ပွဲကို ဦးစီးစေခဲ့သည်။ ဤတပ်မှူးကြီးများထဲ
တွင် ဗိုလ်မှူးချုပ်ကျော်ဇော၊ ဖရက်၊ အောင်ဖေ၊လှမောင်၊ မောင်လွင်စသည်များပါဝင်လေသည်။ 
ထို့ပြင် ရခိုင်တိုင်းတွင်ထားသည့် တပ်ရင်း(၅)ကိုလည်းလေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်ခေါ်သည်။

တက္ကသိုလ်တပ်ရင်းတွင် အပျော်တမ်းစစ်မှူထမ်းသည့်တက္ကသိုလ်ကျောင်းသားများကိုလည်းစုစည်းပြီး အင်းစိန်ကိုတိုက်ခိုက်ရန်အသုံးပြုသည်။ ရဲဘော်ဖြူများကိုလည်းဖဆပလ အစိုးရက အသုံးပြုသည်။
အင်းစိန်မြို့ ကရင်စစ်စခန်းရှိသည့်နေရာများကို ဝိုင်းဝန်းထားကြသည်။ကရင်ရပ်ကွက်များထဲတွင်
လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့်ရေတပ်ရော ကြည်းတပ်များပါပါဝင် ပစ်ခတ်တိုက်ခိုက
်ကြသည်။ လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ကြသည်။
စစ်ကူအတွက် ကရင်များသည် တောင်ငူတွင်ရှိသည့် ကရင်လက်နက်ကိုင်တပ်ရင်း(၁)နှင့် 
ပြည်မြီု့တွင်ရှိသည့် ကရင်လက်နက်ကိုင်တပ်ရင်း(၂)ရင်းထံသို့စစ်ကူများတောင်းခံလာသည်။

တပ်ရင်း(၁)မှ စစ်ကြောင်းသည်ဆင်းလာခဲ့သော်လည်း ပဲခူး၊ ဘုရားကြီးတိုက်ပွဲတွင်စစ်ဦးကျိုး
ကာပြန်ဆုတ်သွားရသည်။ တပ်ရင်း(၂)မှာ ကြို့ပင်ကောက်၌ပင်အတိုက်ခံရပြီး တပ်တတပ်လုံး
ကစဥ့်ကလျားဖြစ်ကုန်သည်။ သို့ရာတွင် အင်းစိန်တိုက်ပွဲတွင်းအကူအညီပေးရန်အတွက် တောင်ငူမှ ထောပလိုဦးစီးသည့်(KNDO)တပ်ဖွဲ့နှင့် သထုံမှ မောင်ညွန်ဦးစီးသည့်(MNDO)တပ်ဖွဲ့တို့သည်
အင်းစိန်သို့ စစ်ကူအဖြစ်ရောက်ရှိသွားခဲ့ပြီး အင်းစိန်တိုက်ပွဲတွင်ရန်သူအားတိုက်ခိုက်ရန်အတွက်ပါဝင်တိုက်ခိုက်နိုင်ခဲ့သည်။အင်းစိန်မှဆုတ်သွား
ကြရသည်အထိဤတပ်များသည် အင်းစိန်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်သည် မဟာရန်ကုန်အတွင်း၌သာရှိပြီးရန်သူ၏(၄)ဖက်(၄)တန်မှ တိုက်ခိုက်ခြင်းကိုခံ
ကြရသည်။နေ့စဉ်နေ့တိုင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် သမိုင်း

(ခဝဲခြံ)၊ ရော်ဘာခြံ၊ ဦးစက္ကိနဘုန်းကြီးကျောင်း၊စော်ဘွားကြီးကုန်းစသည့်နေရာများတွင်တိုက်ပွဲ
များ ပိုမိုပြင်းထန်သည်။ တိုက်ပွဲတွင် ရန်သူအကျအဆုံးလည်း အလွန်များပြားသည်။ ရန်သူစစ်
သားများသည် ဆက်လက်ပြီးချီတက်တိုက်ခိုက်ရန် ရဲစွမ်းသတ္တိမရှိတော့ဘဲကြောက်ရွံ့လာသည်
အထိ ဖြစ်သွားသည်။

နေဝင်းကိုယ်တိုင် စစ်မြေပြင်အနီးနားသို့လာပြီး ၄င်း၏စစ်သားများကို အားပေးနေရသည်။ 
တိုက်ပွဲများသည် တနေ့တခြားပိုမိုပြင်းထန်လျက်ရှိသည်။ ကရင်ရဲဘော်များသည် စားနပ်ရိက္ခာအ
တွက် အလုံအလောက်ရှိသော်လည်း အခြားစားစရာဘာမျ မရှိခြေ။ ဆေးလိပ်သောက်ရန်အတွက်
လည်းဆေးလိပ်ကို ထုတ်မပေးနိုင်ဘြဲဖစ်သည်။ နောက်ဆုံးတွင် ခဲယမ်းမီးကျောက်ပါရှားပါးပြတ်လပ်လာသည်အထိဖြစ်လာတော့သည်။ အခြားနေရာများမှ စစ်ကု
ရောက်ရှိလာရန်အတွက်လည်း မျှော်လင့်၍မရနိုင်တော့ချေ။ ရန်သူမှ အထပ်ထပ်စောင့်ကြပ်ဝိုင်းရံ
ထားခြင်းလည်းခံကြရသည်။

အင်းစိန်မှဆုတ်ရန်အတွက် လှေ၊ သင်္ဘောများလည်းလုံးဝမရျိချေ။ သို့ပင်ဖြစ်စေ နောက်ဆုံ
မဖြစ်ဖြစ်သည့်နည်းဖြင့်လှိုင်မြစ်ကို ဖြတ်ကူးကာအင်းစိန်မြို့မှ ၁၉၄၉ခုနှစ်၊ မေလ(၂၁)ရက်နေ့
တွင်အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။ အင်းစိန်တိုက်ပွဲသည် စုစုပေါင်း(၁၁၁)ရက်ကြာမြင့်ခဲ့သည်။

ဖူးစကောလယ်တောရေးသည့် ကရင့်သမိုင်းစာအုပ်မှ ကိုးကားဖေါ်ပြသည်။ ထိုသမိုင်းကို ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး(ဗဟို) သမိုင်းကော်မတီမှ ပြင်ဆင်တည်းဖြတ်သည်

0 comments:

Post a Comment