Thursday 26 January 2012

မလေးရှား ပင်လယ်ကမ်းခြေတွင်(၂)ကြိမ်မြောက် ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူးအခမ်းအနားကျင်းပ

Author: ကိုးဒီသွေး | Posted at: 8:55 PM | Filed Under: news

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၏ မြောက်ဘက် ကီလိုမီတာ(၁၅၀)ခန့်ရှိသော Sungai Besar ပင်လယ် ကမ်းခြေတစ်နေရာတွင် ကရင်အမျိုးသားတို့စုပေါင်းပြီး ကောက်သစ်စားပွဲနှင့်အတူခ(၂)ကြိမ်မြောက် နှစ်သစ်ကူးအခမ်းအနားကို ယနေ့ ၂၄-၀၁-၂၀၁၂ တွင် ကျင်းပပြီးစီးသွားပြီဖြစ်သည်။

ထိုဒေသတွင် အလုပ်လုပ်ကိုင်နေကြသော ကရင်လူမျိုးအများစုသည် မြစ်ဝကျွန်းပေါ်မှ အနောက်ပိုးကရင် များဖြစ်ကြပြီး ၄င်းပွဲတော်ကို စအောင်နိုင်စိုးက ဦးစီးပြီး ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။

ရောင်ခြည်စတင်ဖြာထွက်လာသည့် မနက်(၇)နာရီအချိန်တွင် ကရင့်အမျိုးသားအလံတော်ကိုတင်ပြီး ဦးညွတ်အလေးပြုပြီးသည်နှင့်တပြိုင်နက် တညီတညွတ်တည်းဖြင့် အမျိုးသားသီချင်းကို သီဆိုကြပါသည်။

ပြီးနောက် MKO နာယကကြီး မန်းဒုံယောင်း သဘာပတိအဖြစ်ဆောင်ရွက်သော ၄င်းနှစ်သစ်ကူးအခမ်း အနားကို ဖွင့်လှစ်ကာ ကရင့်အမျိုးသားဖြစ်ပေါ်လာပုံအကြောင်း၊ ကရင်လူမျိုးဆင်းသက်လာပုံနှင့် ကရင့်အမျိုးသားအလံတော်အကြောင်းတို့ကို ကရင်သုံးဘာဖြင့်ဟောပြောခဲ့ကြပါသည်။

၎င်းနှစ်သစ်ကူးပွဲတော်ကို MKO မှ ယဉ်ကျေးမှုအဖွဲ့များ သွာရောက်ဖျော်ဖြေပေးသည့်အပြင် မြိုင်ဆိုင်မြူး ကြွ သော ဒေသခံ ကရင်အမျိုးသမီးတို့၏ ရှုမငြီးနိုင်သော ရိုးရာဒုံးအကသည်လည်း ရာချီသော ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီး စည်ကားသိုက်မြိုက်သော ၄င်းနှစ်သစ်ကူးအခမ်းအနားကို မွန်းလွဲ(၁)နာရီအချိန်တွင် ပြီးဆုံးသွားခဲ့ပါသည်။

ကြွရောက်လာသော ဧည့်သည်တော်များနှင့် ပရိသတ်များအား ၀က်ကင်၊ ကြက်သားဆီပြန်နှင့်ပုဇွန်ဟင်း တို့ဖြင့် တည်ခင်းဧည့်ခံပါသည်။

0 comments:

Post a Comment