Sunday 12 February 2012

UNHCR အရာရှိများ MKO ရုံးသို့ လာရောက်ကြည့်ရှု



 မြန်မာပြည်၏လက်ရှိအနေအထားနှင့်အခြေအနေသည် တိုးတက်ပြောင်းလဲမှု ရှိနေပြီဟူသော မြန်မာ အစိုး၏ နည်းပရိယာယ်ဆန်သည့် ဆိုစကားကြောင့် မလေးရှားရှိ တစ်ချို့သောဒုက္ခသည်များသည် မိမိတို့အား UNHCR မှ လျစ်လျူရှုမှုနှင့် အာမခံချက်ပေးမှု လျော့ကျသွားမှာကို စိုးရိမ်ပူပန်လျှက် ရှိကြသည်။

လက်ရှိအချိန်တွင် နှစ်ပေါင်းများစွာ စစ်အာဏာရှင်များ ခြယ်လှယ်အုပ်ချုပ်ခဲ့သော မြန်မာပြည်၏ အခြေအနေကို နိုင်ငံတကာမှ အချိန်ယူ စောင့်ကြည့်နေသည့်အနေအထားမှာသာရှိပြီး ကြံ့ဖွံ့အစိုးရ သစ်အနေဖြင့် မြန်မာတိုင်းရင်းသားဒုက္ခသည်များအား နေရပ်ပြန်လာမည့် အရေးကို မည်သို့ပင် ကမ်းလှမ်းလာစေကာမူ ပြန်လည်နေရာချထားပေးဖို့နှင့် ကျန်းမာရေး၊ပညာရေး စောင့်ရှောက်ကူညီရန် လုံလောက်သောအာမခံချက်မပေးနိုင်သေးကြောင်း UNHCR နှင့် NGO အဖွဲ့များ လက်ခံယုံကြည်ပြီး သားပင် ဖြစ်သည်။

 
UNHCR အနေဖြင့်လည်း မလေးရှားနိုင်ငံတွင် အခက်အခဲနှင့် အဟန့်အတားများရှိသည့်ကြားကပင် လာမည့် မတ်ခ်ျလ၊ ၂၀၁၂တွင် မလေးရှားနိုင်ငံမြောက်ပိုင်းဒေသရှိ ဒုက္ခသည်များကို မှတ်ပုံတင်ပေး မည်ဟုလည်း ထုတ်ဖေါ်ပြောဆိုခဲ့ပြီးဖြစ်သည်။

မလေးရှားနိုင်ငံမြောက်ပိုင်းဒေသကို ဒုက္ခသည် အသိအမှတ်ပြု မှတ်ပုံတင်ပေးပြီးမှာသာ ကွာလာလမ်ပူ ဘက်ခြမ်းကို ပြန်ပေးမည့် UNHCR အနေဖြင့်လည်း တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ လုပ်ငန်း ဆောင်တာများနှင့် ပညာရေး၊ကျန်းမာရေး စောင့်ရှောက်ကူညီမှုများ အဆင်ပြေချောမွေ့စေရန် တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်းရုံးများသို့ နွေးထွေးစွာ လှည့်လည်ကြည့်ရှုလျက်ရှိသည်။

 
 
ယမန်နေ့ ၀၉-၀၂-၂၀၁၂၊ မနက်(၁၀)နာရီအချိန်တွင် MKO ရုံးသို့ GENEVA မှ Assistant High Comissioner ERIKA FELLER နှင့်အတူ မလေးရှား UNHCR ရုံးမှ အကြီးအကဲများ၊ ရုံးအရာရှိများ လာရောက်ကြည့်ရှုလေ့လာခဲ့သည်။ 


UNHCR အရာရှိများသည်  MKO စားသောက်ဆိုင်၊ ကွန်ပြူတာသင်တန်း၊ စာသင်ခန်းနှင့် အထည်ချုပ် လုပ်ငန်းကို လာရောက်ကြည့်ရှု လေ့လာခဲ့ပြီး မနက်(၁၁)နာရီအချိန်တွင် ပြန်လည်ထွက်ခွါခဲ့သည်။

0 comments:

Post a Comment